စပိန်မှာ သောင်းနဲ့ချီ ဆန္ဒပြ

  • 20 ဇူလိုင် 2012
spain ဓာတ်ပုံ မူပိုင် Reuters
Image caption ဓားပြ တိုက်တာပဲလို့ ဆန္ဒပြသူတွေ ကြွေးကြော်

ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းဖို့ စပိန် အစိုးရက အထောက်အပံ့ ဖြတ်တောက်မှု တွေ ထပ်တိုး လုပ်ဖို့ စီစဉ် လာတဲ့အတွက် စပိန် နိုင်ငံ တဝှမ်း လူ သောင်းနဲ့ချီ ဆန္ဒပြ နေကြပါတယ်။

နိုင်ငံ အနှံ့ မြို့ပေါင်း ၈ဝ ကျော်မှာ ဆန္ဒပြ နေကြ ပါတယ်။

မဒရစ် မြို့တော် မှာတော့ လူ ၄ သောင်း ဆန္ဒပြတယ်လို့ ရဲက ဆိုပြီး ၆ သိန်း ရှိတယ်လို့ စီစဉ်သူတွေ က ပြောပါတယ်။

လမ်းဆုံ လမ်းခွ တွေမှာ ပိတ်ဆို့ ဆန္ဒပြသူတွေနဲ့ မီးသတ်သမားတွေ ရဲတွေ ရောထွေး နေကြပါတယ်။

ဒုတိယ မြို့တော် ဘာစီလိုနာ မှာလဲ အလုပ် သမား သမဂ္ဂ တွေ အဆိုအရ လူ လေးသိန်းနဲ့ အစိုးရ ကိန်းဂဏန်း တွေအရ လေးသောင်း ဆန္ဒပြ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ