ဆီးရီးယား မြို့တော်မှာ တိုက်ခိုက်မှုတွေ ဆက်

  • 19 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှုတွေ ပြင်းထန် နေတယ်ဆိုတာကို အစိုးရနဲ့ အတိုက်အခံ နှစ်ဘက် စလုံးက ပြောပါတယ်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမားစကပ်စ်မှာ ဗုဒ္ဓဟူးနေ့က ဗုံးပေါက်ကွဲမှုကြောင့် ကာကွယ်ရေး ဝန်ကြီး သေဆုံး သွားခဲ့ရပြီး နောက်ပိုင်း ကြာသပတေးနေ့ မှာလည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဒမားစကပ်စ်မြို့ အရှေ့တာင်ဘက် မီဒန်နဲ့ ကဖာ ဆူရှာ နေရာတွေ ဘက်မှာ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာကို အစိုးရ ရုပ်သံကရော အတိုက်အခံ တက်ကြွ လှုပ်ရှား သူတွေ ဘက်ကပါ ပြောပါတယ်။

အစိုးရက ပြောတာကတော့ သူတို့ အဆို အကြမ်းဖက် အုပ်စုတွေကို လိုက်လံ တိုက်ခိုက် နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အတိုက်အခံတွေ ဘက်ကတော့ လက်နက်ကြီးတွေ နဲ့ ရဟတ်ယာဉ်တွေ ကိုပါ အသုံးပြုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒမားစကပ်စ်မြို့ဟာ အခုအချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ ဒဏ်ကို အကြီးကျယ်ဆုံး ခံနေရတဲ့ အချိန် ဖြစ်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အသုဘ အခမ်းအနား တခုကို ရဟတ်ယာဉ် ပေါ်ကနေ ရော့ကတ်နဲ့ လှမ်းပစ်ခဲ့တာ ကြောင့် အနည်းဆုံး လူ ၆၀ လောက် သေဆုံးသွား တယ်လို့ ဆိုပါတယ်။

သမ္မတ အာဆတ်အစိုးရ အနေနဲ့ လက်နက်ကြီးတွေ အသုံးပြု နေတာကို မရပ်တန့်ဘူး ဆိုရင် ဆီးရီးယား အပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့ မှုတွေ လုပ်ရေးဆိုတဲ့ အနောက် နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ ရုရှားကတော့ ဒီဆုံးဖြတ်ချက်ဟာ လက်ခံလို့မရဘူးလို့ ပြောပါတယ်။ အကြောင်း ကတော့ ဒီဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာ စစ်ရေး အရ ဝင်ရောက် အရေးယူနိုင်လို့ ဖြစ်ပါတယ်။

ကုလသမဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ကတော့ လုံခြုံရေး ကောင်စီ အနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ