ဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖေါ်ပြချက်၊ ဂျပန်အစိုးရ စုံစမ်းမယ်

  • 21 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် r
Image caption အလုပ်သမား ၉ ဦးက လုပ်ဆောင်ခဲ့ပြီး၊ တခြား သူတွေ ကတော့ အလုပ်ထွက်ကုန်တယ်

ထိခိုက် ပျက်ဆီးမှုတွေ ဖြစ်ခဲ့တဲ့ ဂျပန် ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေး စက်ရုံ ကို ပြန်လည် မွန်းမံ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တခုရဲ့ အလုပ်သမားတွေ အနေနဲ့ ဓာတ်ရောင်ခြည် သင့်တဲ့ အဆင့် ဖေါ်ပြချက်၊ လျော့သွားအောင် လုပ်ထားဖို့ ကုမ္ပဏီကနေ သူတို့ကို မှာကြား ထားခဲ့တယ် ဆိုတာကို ကုမ္ပဏီက ဝန်ခံလိုက် ပါတယ်။

ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေ တိုးများ လာနေတာကို တိုင်းတာတဲ့ ပစ္စည်း ကိရိယာ ကို ခဲနဲ့ ပိတ်ကာ ထားဖို့ Build Up ကုမ္ပဏီ အမှုဆောင် အရာရှိ တဦးကနေ အလုပ်သမား တွေကို ပြောကြားခဲ့ တယ်လို့ ကုပ္မဏီ ဥက္ကဌ တာကာရှိ ဝါဒါက ဝန်ခံ ပြောကြား ပါတယ်။

အဲဒီလိုမှ မလုပ်ပဲ ဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖေါ်ပြချက်ဟာ သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်ရှိခဲ့မယ် ဆိုရင် အလုပ်သမားတွေ အလုပ် ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ သူက ဆက်ပြော ပါတယ်။

အလုပ်သမား ၉ ဦးကတော့ အခုလို ခဲနဲ့ ကာတာကို လုပ်ဆောင်ခဲ့ပြီး၊ တခြားသူတွေ ကတော့ မလုပ်ဘဲ ငြင်းဆန်ခဲ့ကာ အလုပ် ထွက်သွားခဲ့ကြပါတယ်။

အစိုးရ ကတော့ ဒီကိစ္စ အပေါ် အပြည့်အဝ စုံစမ်းမှုတွေ စတင် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ