ဆီးရီးယားစစ်တပ် ထိုးစစ်ဆင်မှု ပြင်းထန်

  • 21 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မိဒန် ကို ပြန်သိမ်းနိုင်တဲ့ ဆီးရီးယား အစိုးရတပ်တွေ

ဆီးရီးယားမြို့တော် ဒမက်စကက်ရဲ့ နေရာအတော်များများနဲ့ သူပုန်တွေ သိမ်းယူထားတဲ့ နယ်စပ်ဒေသတွေကို ပြန်ရဖို့ ဆီးရီးယား အစိုးရက ထိုးစစ်ဆင်တိုက်ခတ်မှုတွေလုပ်နေပါတယ်။

သမ္မတ အာဆတ်ရဲ့ သစ္စာခံတပ်တွေက မြို့တော် ဒမတ်စကဒ်စ် ရဲ့ မိဒန် ဒေသကို ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ ဆီးရီးယား ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့ပြီး လမ်းပေါ်က လူသေအလောင်းတွေကို ပြသခဲ့ပါတယ်။

မြို့တော် ဒမက်စကက်ရဲ့ တောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဒုတိယ မြို့တော်ဖြစ်တဲ့ အလက်ပို မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆီးရီးယားနိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ထောင် သောင်း ချီတဲ့ ဆီးရီယားပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာပဲ လက်ဘနွန်နိုင်ငံဘက်ကို ထွက်ပြေးလာသူပေါင်း ၃ သောင်းလောက် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ အဖွဲ့ရဲ့ အဆိုအရ ဆီးရီးယားပြည်သူတွေဟာ ဂျော်ဒန်နဲ့ တူရကီနိုင်ငံဘက်တွေကိုလည်း ထွက်ပြေးလာတယ်လို့ သိရပါတယ်။

အီရတ် အရေးအခင်းတုန်းက ဆီးရီးယားကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အီရတ် ဒုက္ခသည်တွေအတွက် အီရတ်အစိုးရက အထူးလေယာဉ် စေလွှတ်ပြီး ပြန်ခေါ်ခဲ့တာ အခုဆိုရင် ၁ ထောင်နီးပါးရှိနေပြီလို့ သိရပါတယ်။