ဆီးရီးယား အနှံ့တိုက်ပွဲတွေ ဆက်ဖြစ်ပွား

  • 22 ဇူလိုင် 2012
aleppo ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပို မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေ

ဆီးရီးယား နိုင်ငံ အနှံ့အပြား မှာတော့ တိုက်ပွဲတွေ အရှိန်မြင့်လာ နေပါတယ်။

မကြာသေးခင်က အထိ အတော်အတန် တည်ငြိမ် နေခဲ့တဲ့ အစိုးရ တပ်ဖွဲ့တွေရဲ့ ခြေကုတ်ယူရာ အလက်ပို မြို့မှာလည်း ဒုတိယနေ့အဖြစ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေပါတယ်။

အစိုးရ တပ်ဖွဲ့တွေဘက်က သူပုန်တွေကို လက်နက်ကြီး တွေနဲ့ အပြင်းအထန် ပစ်ခတ် နေတဲ့ အတွက် အဲဒီရပ်ကွက်တွေ ဘက်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး နေကြရပါတယ်။

ဟွမ်းစ် မြို့မှာလည်း အကျဉ်းထောင် တခုထဲမှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ဒမတ်စတကတ်စ် မြို့တော်မှာတော့ သူပုန်တပ်ဖွဲ့တွေ ထိန်းချုပ်ထားခဲ့တဲ့ နေရာကို အစိုးရတပ်တွေဘက်က ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။

အဲဒီက ဘီဘီစီ သတင်းထောက် ကတော့ လောလောဆယ်မှာ သူပုန်တွေဘက်က အောင်ပွဲရနိုင်ဖို့ အရိပ်အငွေ့တွေ သန်း လာနေပြီဖြစ်လို့ အစိုးရအဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ