နော်ဝေးတိုက်ခိုက်မှု နှစ်ပတ်လည် ကျင်းပ

  • 22 ဇူလိုင် 2012
norway ဓာတ်ပုံ မူပိုင် Getty
Image caption ကွယ်လွန်ခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်တွေ ကျင်းပကြ

နော်ဝေးနိုင်ငံမှာတော့ လွန်ခဲ့တဲ့ တနှစ်က အဲန်းဒါး ဘာရင်း ဘရေးဗစ် ရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့ရတဲ့ လူပေါင်း ၇၇ ဉီး အတွက် အောက်မေ့ဖွယ် အခန်းအနား တွေကို ကျင်းပခဲ့ကြပါတယ်။

အဲဒီတုန်းက သေဆုံးခဲ့ရသူ အများစုက အော်စလို မြို့တော်အနားက ယူတိုရာ ကျွန်းမှာရှိတဲ့ နွေရာသီ စခန်းမှာ သေဆုံး ခဲ့ရတာ ဖြစ်ပြီး ကျန်လူတွေကတော့ မြို့ထဲမှာ ကားဗုံးခွဲပြီး တိုက်ခိုက် ခဲ့ရာမှာ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နှစ်နေရာ စလုံးမှာ ဝတ်ပြုဆုတောင်း ပွဲတွေ လုပ်ခဲ့သလို နော်ဝေး ဘုရင် King Harald နဲ့ ဝန်ကြီးချုပ် Jens Stoltenberg တို့ကလည်း လွမ်းသူ့ ပန်းခွေတွေ ချခဲ့ပါတယ်။

နော်ဝေး ၀န်ကြီးချုပ် က ဒီအဖြစ်ကြောင့် တတိုင်းပြည်လုံး ခံစား ခဲ့ကြရသလို ညီညွတ်မှုကိုလည်း ပြနိုင်ခဲ့တယ်လို့ မိန့်ခွန်းထဲမှာ ထည့်ပြီး ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ