ဆီးရီးယားအစိုးရတပ်က သူပုန်တွေကိုတိုက်

  • 22 ဇူလိုင် 2012
syria_fighting ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယားမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ

ဆီးရီးယား နိုင်ငံမှာတော့ ဒမတ်စကတ်စ် မြို့တော်နဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ အလက်ပိုမြို့ တို့မှာ အစိုးရတပ်တွေဘက်က သူပုန်တွေ ဘက်ကို ပြန်ပြီး ထိုးစစ်ဆင် နေကြပါတယ်။

နိုင်ငံပိုင် ရုပ်မြင်က မြို့တော် အတွင်းမှာ ရှိတဲ့ အပျက်အဆီး တွေကိုလည်း ပြသသွားပြီး သူပုန်တွေရဲ့ အလောင်းတွေလို့ ယူဆရတဲ့ ပြန့်ကျဲနေတဲ့ အလောင်းတွေကိုလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အကြမ်းဖက်သမား တွေဆိုပြီး ကြေညာ ပြသသွား ခဲ့ပါတယ်။

အစိုးရတပ်တွေဘက်က ဒမတ်စကတ်စ်နဲ့ အလက်ပို နှစ်မြို့လုံးမှာ စနစ်တကျနဲ့ တမြို့နယ်ပြီး တမြို့နယ် ဝင်တိုက် ခဲ့ကြတာ ဖြစ်ပြီး လက်နက်ငယ် တွေကိုသာ ကိုင်ဆောင်ထားကြတဲ့ သူပုန်တွေကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ အကြောင်း အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် သူပုန်တွေဘက်က ပြောခွင့်ရသူ ကလည်း သူပုန်တွေဘက်က အလက်ပို မြောက်ဘက်မှာ ရှိတဲ့ စစ်ကောလိပ်ကို ထိန်းချုပ်ထား လိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ