ဆီးရီးယားမြို့တော်မှာ တိုက်ပွဲဆက်

  • 22 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့ဆင်ခြေဖုံး အပိုင်းမှာ ကုန်ကားတစီး အမြောက် ဆံ ထိမှန်ပြီး မီးလောင်ပျက်ဆီး

ဆီးရီးယား နိုင်ငံ မြို့တော် ဒမားစကပ်စ်က ဘာဇီဟ် ရပ်ကွက်ကို အစိုးရ တပ်တွေက တိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဘာဇီဟ် ရပ်ကွက်ထဲကို မြေပြင်ကနေ သံချပ် ကာ ကားတွေနဲ့ တင့်ကားတွေ ဝင်ရောက်လာတဲ့အချိန်မှာ မြေပြင် ပစ်မှတ်တွေကို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်ကြသူ တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောတာကတော့ အစိုးရတပ်တွေဟာ မြို့တော်ရဲ့ နောက်ထပ် ရပ်ကွက်တခုဖြစ်တဲ့ မက်ဇီဟ်ရပ်ကွက်မှာလည်း တပ်ဖွဲ့ဝင်တွေ ချထားတယ်လို့ ပြောပါတယ်။

ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပို မြို့မှာလည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

သူပုန်တွေကတော့ အလက်ပိုမြို့ မြောက်ဖက် ဘတ်အဲလ် စလန် မှာ ရှိတဲ့ နောက်ထပ့် တူရကီနယ်ခြား ဖြတ် ဂိတ်တခုကို သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ