AIDS တီဘီ ကုထုံးသစ် ထိရောက်

  • 24 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် who
Image caption ဆေး အတွဲသစ်က တီဘီ ပိုးကို နိုင်တယ်ဆို

တနှစ်ကို AIDS ရောဂါရှင် တသန်းခွဲလောက် သေဆုံးရတဲ့ နောက်ဆက်တွဲ ရောဂါ တီဘီ ကို ဆေး ၃ မျိုး ကုထုံးသစ်နဲ့ ကုတာ ထိရောက် တယ်လို့ သုတေသီ တွေက ကနဦး တွေ့ရှိခဲ့တယ်။

ဆေးမတိုး တော့တဲ့ တီဘီ ရောဂါ တိုက်ဖျက် ရာမှာလဲ ဒီကုထုံးသစ်က လက်ရှိ ဆေးဝါးတွေ ထက် ပို ထိရောက် တယ်လို့ ဆေး လက်တွေ့ စမ်းသပ်မှု ပထမ ရလဒ် တွေက ပြသ နေပါတယ်။

တောင် အာဖရိကမှာ ၂ ပတ်ကြာ စမ်းသပ်မှု တွေအရ ဒီဆေး အတွဲသစ်က တီဘီ ပိုး နှိမ်နှင်း ရာမှာ ၉၉ ရာခိုင်နှုန်း ထိရောက်တယ် လို့ သုတေသီ တွေက ဆိုပါတယ်။

ရေရှည် ဆေးအာနိသင် အတွက် စမ်းသပ်မှု တွေလဲ စတင် နေပါပြီ။