ကျူးဘား အစိုးရ ဆန့်ကျင်သူတွေ အသုဘအလာ ရဲဖမ်း

  • 25 ဇူလိုင် 2012
Oswold Paya ဓာတ်ပုံ မူပိုင် Getty
Image caption ယာဉ်တိုက်မှုမှာ သေဆုံးသူ အစိုးရ ဆန့်ကျင်ရေး သမား Oswold Paya

ကျူဘားနိုင်ငံမှာ တနင်္ဂနွေနေ့က ယာဉ်တိုက်မှု တခုမှာ သေဆုံးခဲ့တဲ့ ထင်ရှားတဲ့ တက်ကြွလှုပ် ရှားသူ Oswaldo Paya ရဲ့ အသုဘမှာ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်ခဲ့သူတွေထဲက အနည်းဆုံး ခုနှစ် ယောက်လောက်ကို ကျူးဘားရဲက ဖမ်း လိုက်ပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ ထိပ်တန်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ Guillermo Farias လည်း ပါဝင်ပါတယ်။

အသုဘ အခမ်းအနား ကျင်းပနေတဲ့ ဟာဗားနားမြို့က ဘုရားကျောင်း အပြင် ဘက်မှာ အရပ်ဝတ် ရဲတွေက စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ တချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူ မစ္စတာ ပါယာရဲ့ မိသားစုကတော့ သူစီးလာတဲ့ကား လမ်းဘေးကို အတင်း တွန်းချခံရတာ ဖြစ်နိုင်တယ်ဆိုပြီး သံသယ ရှိနေပါတယ်။

တရားဝင် ထုတ်ပြန်ကြေညာချက်မှာတော့ ကားဒရိုင်ဘာဟာ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေး သစ်ပင်ကို ဝင်တိုက်တာလို့ ပြောထားပါတယ်။