တောင်ကိုရီးယားသမ္မတ အဂတိမှုအတွက် တောင်းပန်

  • 24 ဇူလိုင် 2012
lee_myung_bak ဓာတ်ပုံ မူပိုင် lee myung bak
Image caption တိုင်းပြည်ကို တောင်းပန်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ

တောင်ကိုရီးယား နိုင်ငံမှာတော့ သမ္မတ လီမြောင်ဘတ် က သူ့အစ်ကို ရဲ့ အဂတိ လိုက်စားမှု တွေမှာ ပါဝင်ပတ်သက် ခဲ့မှုတွေနဲ့ ပတ်သက်လို့ တောင်းပန်လိုက်ပါတယ်။

ရုပ်မြင်သံကြား ကနေ တဆင့် ပြောကြားခဲ့ရာမှာ သမ္မတလီက ဒီပြဿနာ တွေကြောင့် သူ့မိသားစု အတွင်း အရှက်ရ စရာတွေ ဖြစ်ခဲ့ရ သလို တောင်ကိုရီးယား ပြည်သူ တွေအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

မစ္စတာလီက ဒီအကြောင်းကို စဉ်းစားမိတိုင်း စိတ်မချမ်းသာ ဖြစ်ရတဲ့ အကြောင်းနဲ့ အခု အချိန်က စလို့ ခိုင်မာတဲ့ သဘောထား တွေနဲ့ အသစ်က ပြန်စလို့ ပြည်သူတွေ အတွင် တာ၀န်ကျေတဲ့ အစိုးရ ဖြစ်လာဖို့နဲ့ သူ့တာဝန်တွေ ကိုလည်း ကြိုးစား ထမ်းဆောင် သွားတော့မယ့် အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

မစ္စတာ လီရဲ့ အစ်ကို ဖြစ်သူ လီဆိုင်ဒေါက်ဟာ အဂတိလိုက်စားမှုတွေနဲ့ ဒီလ အစောပိုင်းက ထိန်းသိမ်း ခံခဲ့ရပါတယ်။ သူ့ကို အရင် ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်အကြားမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတဲ့ ဘဏ်တွေကနေ လာဘ်ယူခဲ့တယ်လို့ စွဲချက်တင် ထားတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက် တွေကြောင့် သမ္မတ လီရဲ့ ကွန်ဆာဗေးတစ်ဗ် ပါတီ အဖို့ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အခက်ကြုံ နိုင်တယ်လို့ သတင်းထောက်တွေက သုံးသတ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ