အာသံ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွား

  • 25 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၂ သိန်း လောက် ထွက်ပြေး ခဲ့ရ

အိန္ဒိယ အရှေ့မြောက် နယ်စပ်က ဘိုဒို တိုင်းရင်းသား တွေနဲ့ ရွှေ့ပြောင်း လာတဲ့ မွတ်ဆလင် ဘာသာဝင် တွေအကြား ၄ ရက်ကြာ တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၅ ယောက် ထိ ရှိသွားပြီလို့ အာသံ ပြည်နယ် အာဏာပိုင် တွေက ဆိုပါတယ်။

ဗုဒ္ဓဟူး နေ့က အဓိကရုဏ်း ဖြစ်ခဲ့တဲ့ နေရာတွေမှာ ထောင်နဲ့ချီတဲ့ တပ်သားတွေ စပြီး ကင်းလှည့်တဲ့ အခါမှာ နောက်ထပ် အလောင်းတွေ ထွက်လာတယ်လို့ သိရပါတယ်။

အဓိကရုဏ်း ကြောင့် လူ တသိန်း ၇ သောင်း ၅ ထောင်ကျော် နေအိမ်တွေက ထွက်ပြေး ခဲ့ရပါတယ်။

ဘိုဒိုနဲ့ ဘင်္ဂါလီ အခြေချ သူတွေကြား မြေယာ ပိုင်ဆိုင်ခွင့် နဲ့ ပတ်သက်ပြီး တင်းမာနေခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်း နိုင်ငံ တောင်ပိုင်းမှာ ဗုံးပေါက်ကွဲ လို့ ရဲ ဝန်ထမ်း ၅ ယောက် သေဆုံးပြီး တယောက် ပြင်းထန်စွာ ဒဏ်ရာ ရသွားပါတယ်။