Kim Jong-un ဇနီးသည် ရေဒီယိုက ထုတ်ပြန်

  • 26 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption Kim Jong-un နဲ့ ဇနီးသည်ပုံ တရားဝင် ထုတ်ပြန်

မြောက်ကိုရီးယား ရေဒီယိုကနေ ခေါင်းဆောင် Kim Jong-un အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အတည်ပြု ကြေညာခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းပြောဆိုမှုတွေ အခုတော့ အဆုံးသတ် သွားပါပြီ။

အပန်းဖြေ စခန်းတခု ဖွင့်ပွဲကို ကင်ဂျုံအမ်းနဲ့ အတူ သူ့အမျိုးသမီး Ri Sol-ju တက်ရောက်ခဲ့တယ်လို့ ရေဒီယိုက ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

ဆံပင် တိုတိုနဲ့ သေသေသပ်သပ် ဝတ်စားဆင်ယင် ထားတဲ့ ဒီအမျိုးသမီးငယ်ကို ကင်မ်ဂျုံအမ်းနဲ့ အတူ လူမြင်ကွင်းမှာ အရင်ဆုံး တွေ့ရတာ ဖြစ်ပေမယ့် ဒီအရင်ကတော့ မြောက်ကိုရီးယား သတင်းမီဒီယာမှာ သူမနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။