Aleppo တိုက်ပွဲတွေမှာ အရပ်သားတွေ အထိနာ

  • 26 ဇူလိုင် 2012
Aleppo မြို့ပေါ်ရောက် သူပုန်တပ်များ ဓာတ်ပုံ မူပိုင် AFP
Image caption Aleppo မြို့ပေါ်ရောက် သူပုန်တပ်များ

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြို့တော် Aleppo ရဲ့နေရာ အတော်များများကို သိမ်းပိုက်ထားတဲ့ သူပုန်တွေက စစ်ဆေးရေး ဂိတ်တွေပြန်ခုခံဖို့ နေရာတွေစီစဉ်နေကြပါတယ်။ ဒီမြို့ဟာ ဆီးရီးယားရဲ့ စီးပွားရေး အချက်အချာကျလို့ တိုင်းပြည် မြောက်ပိုင်းကို ထိန်းချုပ်မယ့် စစ်ပွဲမှာ အတော်အရေးပါတယ်လို့ ပြောနိုင်ပါတယ်။ တပတ်ကြာ အစိုးရတပ်တွေနဲ့ သူပုန်တွေကြားမှာ လမ်းမတွေအပေါ်တိုက်ပွဲတွေဖြစ်ကြပြီး နေရာတချို့ကို သူပုန်ကသိမ်းထားတာဖြစ်ပါတယ်။

အခုအခါ အစိုးရတပ်စစ်ကြောင်းတွေ တင့်ကားတွေ အင်အားဖြည့်ဖို့ ဟာမာနဲ့ တူရကီနယ်စပ်ဖက်ကနေချီတက်လာတဲ့အတွက် ပြင်းထန်တဲ့မြို့သိမ်းစစ်ပွဲတွေဖြစ်နိုင်လို့ မြို့သူမြို့သားသောင်းချီ ပြီးထွက်ပြေးနေကြပါတယ်။ လေကြောင်းကနေရော မြေပြင်ကနေပါ မြို့ကိုလှမ်းပစ်ခတ်တဲ့တိုက်ပွဲတွေကြားမှာ မြို့သူမြို့သားတွေအများဆုံး အစာရေစာပြတ်နေပြီလို့ အစိုးရကိုဆန့်ကျင်နေတဲ့ ဒေသခံ မိုဟာမက်ဆာအိကမြို့ပတ်ဝန်းကျင်တိုက်ပွဲတွေကြောင့် အလက်ပိုမှာ ဘယ်နေရာမှ စိတ်မချရတော့ပါဘူး။ မြို့လယ်မှာလည်းသေနတ်သံတွေကြားနေရလို့ လူထုဟာ ကျောင်းတွေဆေးရုံလိုနေရာတွေမှာ ခိုလှုံနေရတယ်လို့ဘီဘီစီကိုပြောပါတယ်။ အခုအခါ အစိုးရဖက်က လက်နက်အား လူအားပိုကြီးလို့ သူပုန်တွေမြို့ကို ဘယ်လောက် ဆက်ထိန်းနိုင်မယ်ဆိုတာ ပြောလို့မရပေမယ့် အဓိက သေဆုံးနေတာကတော့ အပစ်မဲ့တဲ့ မြို့သူမြို့သားတွေဘဲဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် Ian Pannel ကတိုက်ပွဲဖြစ်တဲ့ ဒေသကနေ သတင်းပေးပို့ ထားပါတယ်။

ဒါ့အပြင် အစိုးရရုပ်မြင် သံကြားတွေမှာတော့ ဒမက်စ်ကပ်စ်မြို့တောင်ဖက်မှာ သူပုန်တွေကို နှိမ်နင်းတဲ့ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖေါ်ပြနေပြီး အစိုးရဖက်ကနေ သူပုန်ဘက်ကို ကူးပြောင်းသွားတဲ့ သံတမန် ၃ယောက်နဲ့ပတ်သက်လို့တော့ ဒါဟာ ကာတာနိုင်ငံကပါဝင် စွက်ဖက်နေတာလို့လည်း ဆီရီးယားနိုင်ငံခြားရေးဌာန ကပြောသွားပါတယ်။