အိုလံပစ် မီးတိုင် လန်ဒန်မြို့ပတ်

  • 27 ဇူလိုင် 2012
olympic torch ဓာတ်ပုံ မူပိုင် Getty
Image caption စိန်ပေါ ဘုရားကျောင်းကြီး ရှေ့ရောက် မီးရှူးတိုင်

အိုလံပစ် မီးရှူးတိုင်ကို ဘက်ကင်ဟမ် နန်းတော်ကို သယ်လာတော့ ဝီလျံ မင်းသားနဲ့ ကြင်ယာတော် ကိန်းဘရစ် မြို့စား၊ ဟယ်ရီ မင်းသား တို့က ကြိုဆို ခဲ့ကြပါတယ်။

မီးရှူးတိုင် နောက်ဆုံး လှည့်တဲ့နေ့မှာ ဝန်ကြီးချုပ် အိမ်ရှိတဲ့ ဒေါင်းနင်းလမ်း၊ လန်ဒန်ရဲ့ အထင်ကရ အဆောက်အအုံ တွေ ဖြစ်တဲ့ စိန်ပေါ ဘုရားကျောင်း၊ တိတ် ခေတ်ပေါ် ပန်းချီ ပြတိုက်၊ ရှိတ်စပီးယားရဲ့ ကမ္ဘာလုံး ပြဇာတ်ရုံ စတဲ့ နေရာတွေဆီ သယ်ဆောင် လှည့်လည် ခဲ့ကြပါတယ်။

ဟိုက်ပတ် ဥယျာဉ်မှာ လူ ခြောက်ထောင် တက်တဲ့ ဂီတ ဖျော်ဖြေပွဲကြီး ရှိတဲ့ဆီ မီးရှူးတိုင်ကို နောက်ဆုံးပိတ် သယ်ဆောင်ခဲ့ကြ ပါတယ်။

ဗြိတိန် တဝှမ်း မြို့ပေါင်း တထောင်ကျော်ကို ဖြတ်ပြီး လူ ရှစ်ထောင်က ၆၉ ရက်ကြာအောင် အိုလံပစ် မီးရှူးတိုင်ကို လက်တင့်ကမ်း သယ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ