ဆီးရီးယားမြောက်ပိုင်း အလက်ပိုမြို့မှ ကြက်ခြေနီအဖွဲ့ရပ်ထား

  • 27 ဇူလိုင် 2012
အလက်ပိုမြို့မှ အတိုက်အခံတွေ အစိုးရကိုပြန်ခုခံနေစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုမြို့မှ အတိုက်အခံတွေ အစိုးရကို ပြန်ခုခံနေစဉ်

ဆီးရီးယားနိုင်ငံမြောက်ပိုင်း Aleppo မြို့ကိုအစိုးရတပ်ဖွဲ့တွေက သောကြာနေ့မှာ ထိုးစစ်တွေစလုပ်နေပါတယ်။ အဲဒီစစ်ပွဲတွေအတွင်း ဆီးရီးယားတပ်တွေက လူတွေအစုလိုက်အပြုံလိုက်သတ်ပစ်မှာ စိုးရိမ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အစိုးရကိုထောက်ခံတဲ့ သတင်းစာကတော့ အားလုံးထဲမှာ အကြီးဆုံးဖြစ်တဲ့ Aleppo မြို့သိမ်းစစ်ပွဲစတော့မယ်လို့ ရေးထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေးက အခုရင်ဆိုင်ရမယ့်တိုက်ပွဲတွေမှာ နှစ်ဖက်စလုံးက အရပ်သားတွေကို သက်ညှာကြဖို့ သီးခြားတိုက်တွန်း လိုက်ပါတယ်။

တူရကီနယ်စပ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ Aleppo မြို့ပတ်ပတ်လည်ကို အစိုးရတပ်တွေဝိုင်းဖို့ ပြင်ဆင်နေတဲ့အတွက် အလွန် ဆိုးဝါးတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ အခုအခါ တိုက်ပွဲတွေကြောင့် လခြမ်းနီအဖွဲ့ကလည်း သူ့လုပ်ငန်းတွေမြို့ပေါ်မှာ ရပ်ထားလိုက်ပါပြီ။ သူပုန်တွေက ထိုးစစ်ကို ပြန်ခုခံနိုင်အောင် လက်နက်စုတာ ဆေးဝါးစုဆောင်းတာတွေ ပြင်ဆင်နေပါတယ်။ အခုမနက်ပိုင်းမှာပဲ မြို့အနောက်တောင် ပတ်ဝန်းကျင်ကို အစိုးရရဲ့ စစ်ရဟတ်ယဉ်ကနေ ပစ်ခတ်နေတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ အခုအခါ အရပ်သားအများအပြား Aleppo ကနေထွက်ပြေးနေကြပြီး လူတွေကို အကြမ်းဖက် တိုက်ခိုက်တာ ရှုတ်ချတဲ့အနေနဲ့ Aleppo မြို့ကလွှတ်တော် အမတ်ဟာလည်း တူရကီနိုင်ငံကို ထွက်ခွာပြီးအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဘက်ပြောင်းသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ