အလက်ပိုမြို့ အခြေအနေ ကိုဖီအာနန်စိုးရိမ်

  • 28 ဇူလိုင် 2012
kofi_annan
Image caption နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန်

ဆီးရီးယား ဆိုင်ရာ နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန်က ဆီးရီးယားက အလက်ပိုမြို့နဲ့ အနီးတဝိုက်မှာ စစ်တပ် တွေနဲ့ လက်နက်ကြီး တွေကို တိုးမြှင့် ချထား လာနေမှု တွေကြောင့် မကြာခင်မှာ စစ်ပွဲကြီး တပွဲဖြစ်လာ နိုင်လို့ စိုးရိမ်မိတဲ့ အကြောင်း ပြောပါတယ်။

ဒါကိုကြည့်ရင် ဆီးရီးယား မှာ နိုင်ငံရေး အသွင်ပြောင်းနိုင်ဖို့ အစိုးရနဲ့ အတိုက်အခံ ၂ ဘက်စလုံးကို ပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း က အမြန်ဆုံး ဝိုင်းဝန်း တိုက်တွန်းကြဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစောပိုင်း ကတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်က အလက်ပိုမှာ စိတ်မကောင်း စရာတွေ ဖြစ်နေတဲ့ အကြောင်း၊ ဒါပေမယ့် ဆီးရီးယား အစိုးရကိုလည်း လက်နက်ကိုင် ထားတဲ့ အတိုက်အခံတွေ ရှိနေတာကို လက်ခံသွားဖို့ အတွက် မျှော်လင့်လို့ မဖြစ်နိုင်ကြောင်း တွေကို ပြောကြား သွားပါတယ်။

မစ္စတာ လက်ဘရော့ဗ်က လက်နက်ကိုင်ထားတဲ့ အတိုက်အခံ အဖွဲ့တွေက မြို့တွေကို သိမ်းပိုက် နေကြတဲ့အကြောင်း၊ ငြိမ်းချမ်းရေး ဇုန်တွေ တည်ထောင်ဖို့နဲ့ ကြားဖြတ် အစိုးရဖွဲ့ဖို့ တွေကလည်း အတိုက်အခံ တွေ အပေါ်မှာသာ မူတည်တဲ့ အကြောင်း၊ ဆီးရီးယား အစိုးရကိုလည်း သူတို့ကို ဖြုတ်ချဖို့ ကြိုးစားတာကို ဒီလိုပဲ ကြည့်နေ လိမ့်မယ်လို့ မျှော်လင့် တာမျိုးဟာ အဓိပ္ပါယ် မရှိတဲ့ အကြောင်း နဲ့ အလုပ်လည်း မဖြစ်တဲ့ အကြောင်းကို ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ