ဆီးရီးယား အရေး ကမ္ဘာက လက်ပိုက် ကြည့်မနေသင့်လို့ တူရကီဆို

  • 28 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ အလက်ပိုမြို့

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မှာ သူပုန်တွေကို ချေမှုန်းနေတာ ရပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု ကြီးထွားလာနေပါတယ်။

ဆီးရီးယား အစိုးရရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အဆုံးသတ်ပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း တိုက်တွန်းခဲ့ ပါတယ်။

ဒါ့အပြင် ဘယ်လို အခြေအနေမျိုးဘဲ ဖြစ်ဖြစ် ဓါတုလက်နက်တွေ မသုံးသင့်ဘူးလို့ သူ့ရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာလည်း ဆိုထားပါတယ်။

အလက်ပိုမြို့မှာ စစ်အင်အား တည်ဆောက်နေမှုတွေကို ကမ္ဘာက လက်ပိုက်ကြည့် မနေသင့်ဘူး တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရစ်ပ် အယ်ဒိုဝမ်က ပြောပါတယ်။

တကယ့်ကို တုန်လှုပ်စရာ ကောင်းတဲ့ သတ်ဖြတ်နေမှု တချို့ကို အစိုးရက ကျူးလွန်လာမှာကို ဗြိတိန်နဲ့ တူရကီ တို့က စိုးရိမ်နေပါတယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ကလည်း ဆိုပါတယ်။