ကန် စီးပွားရေး နှေးကွေးတာ အိုဘားမား အတွက် စိန်ခေါ်မှု

  • 28 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် x
Image caption စီးပွားရေး ကျဆင်းမှု အိုဘားမား အတွက် စိန်ခေါ်မှု

အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးဟာ တနှစ်အတွင်း တိုးတက်မှု အနှေးကွေးဆုံး အနေအထားကို ကျဆင်းခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

ဒုတိယ လေးလပတ် စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်ဒဿမ ငါးရာခိုင်နှုန်းမှာ ပြနေတယ်လို့ ထုတ်ပြန်တဲ့ စာရင်း ကိန်းဂဏန်းတွေ အရ သိရပါတယ်။

ဒါဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အိုဘားမား အတွက် စိန်ခေါ်မှု တရပ်ဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်ခွဲ အတွင်း လုပ်အားခနှုန်း တိုးမပေးမှုနဲ့ အလုပ်လက်မဲ့နှုန်း ရှစ်ရာခိုင်နှုန်း အထက်မှာ ရှိနေခဲ့တဲ့ အတွက် လူတွေရဲ့ ငွေသုံးနှုန်းအား တက်မလာဘဲ စီးပွားရေး တိုးတက်မှုလည်း နှေးကွေးနေရတာ ဖြစ်တယ်လို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။