အလက်ပိုက လူ ၂ သိန်းလောက် ထွက်ပြေးခဲ့

  • 29 ဇူလိုင် 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုက အပျက်အဆီးများ

ကုလသမဂ္ဂ ရဲ့ အကြီးတန်း အရာရှိကြီး တဉီးက ဆီးရီးယား နိုင်ငံက အလက်ပို မြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲ တွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း လူပေါင်း ၂ သိန်းလောက် ထွက်ပြေး ခဲ့ကြရ တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူမှု ကယ်ဆယ်ရေး အကြီးအကဲ ဗယ်လာရီ အေးမို့စ်က ပြောကြား ရာမှာ အလက်ပို၊ ဒမတ်စကတ်စ်နဲ့ တခြားမြို့ကြီး တွေမှာ မြို့နေ လူထု အပေါ် လက်နက်ကြီး တွေနဲ့ ပစ်ခတ် နေမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အလွန် စိုးရိမ် ပူပန်မိတယ်လို့ ဆိုပါတယ်။

ဘယ်ရွန်နက်စ် အေးမို့စ်က အလက်ပို မြို့ထဲမှာလည်း အရေအတွက် မသိရတဲ့ လူတွေ ဆက်ပြီး ပိတ်မိနေကြဆဲ ဖြစ်ကြောင်းနဲ့ မြို့ထဲမှာ သောက်သုံးရေတွေ အပါအဝင် ထောက်ပံ့ရေး တွေအမြန် လိုအပ်နေကြောင်း ပြောပါတယ်။

အဲဒီ မြို့တွင်းမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က အစိုးရတပ်တွေ ဘက်က မြို့ထဲက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဝင်နိုင်ဖို့ ကြိုးစား နေကြတဲ့ အတွက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်လို့ သတင်း ပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ