ဆီးရီးယား ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းဖွင့်

  • 29 ဇူလိုင် 2012
zaatari ဓာတ်ပုံ မူပိုင် AFP
Image caption ဇာတာရီ ဒုက္ခသည် စခန်း

တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတဲ့ အလက်ပို မြို့ကနေ လူတွေ ထောင်နဲ့ ချီပြီး မြို့ကို ခွာလို့ ပြေးနေကြပါတယ်။

အဲဒီထဲက ဂျော်ဒန် နဲ့ နယ်စပ် တလျှောက်မှာ နယ်စပ်ကို ကျော်ပြီး ပြေးလာကြသူ ဆီးရီးယား လူမျိုးတွေ အတွက် အခုတော့ ဒုက္ခသည် စခန်း တခုကို ဖွင့်လှစ် ပေး နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အကူအညီနဲ့ ဇာတာရီ အရပ်မှာ ဖွင့်ပေးနိုင်ခဲ့ တာဖြစ်ပြီး ကနဉီး လူပေါင်း ၁၀၀၀၀ လောက် အထိ ခိုအောင်း နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ အရေအတွက်ထက်ပိုပြီး ခိုအောင်း နိုင်အောင်လည်း အဲဒီ ဒုက္ခသည် စခန်းကို တိုးချဲ့ သွားနိုင်မယ်လို့ လည်း မျှော်လင့် နေကြပါတယ်။

ဂျော်ဒန် နိုင်ငံထဲကို ဆီးရီးယား လူမျိုး ၁သိန်းခွဲလောက် ဝင်ရောက် နေခဲ့ကြပြီး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောလိုက်ပြီး တခြား နိုင်ငံတွေက ဝိုင်းဝန်း ကူညီဖို့ လိုနေပြီလို့ ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေး ဝန်ထမ်း တယောက်ကတော့ သူ့ အနေနဲ့ အားလုံးက ပြောနေကြတဲ့ စိုးရိမ် ပူပန်တဲ့ စကား တွေကနေပြီး ကူငွေတွေ ဖြစ်လာပါစေလို့ ပဲ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ