ကျူးဘား လူ့အခွင့်အရေး သမား ယာဉ်တိုက်မှုမှာ သေဆုံး

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ကား

ကျူးဘားနိုင်ငံက နံမယ်ကြီး အစိုးရ ဆန့်ကျင်ရေးသမား Oswald Paya သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ အပတ်က ယာဉ်တိုက်မှုမှာ အသက်မသေဘဲ ကျန်တဲ့ နိုင်ငံခြားသား နှစ်ယောက်က သူတို့ကားကို လမ်းပေါ်ကနေ တွန်းချခံရတာ ဆိုတဲ့ သတင်းတွေကို ပယ်ချ လိုက်ပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲကအတိုင်း Granma ပြည်နယ် အရှေ့ပိုင်းမှာ သူမောင်းလာတဲ့ ကားက သေချာ ခင်းမထားတဲ့ လမ်းကို တိုက်မိပြီး ထိန်းမရဘဲ တိမ်းမှောက်သွားတာပါလို့ စပိန် နိုင်ငံရေးသမား အန်ကယ်လ် ကာရာမယ်ရိုက ဆိုပါတယ်။

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားတဲ့ သေဆုံးသူ မစ္စတာ ပန်ရာရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အသတ်ခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။