အိန္ဒိယ လျှပ်စစ်မီး ပြတ်တောက်မှု ပြည်သူ သန်း ၃၀၀ ထိခိုက်

  • 30 ဇူလိုင် 2012
India Power Cut
Image caption အိန္ဒိယမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် လမ်းပန်း ဆက်သွယ်ရေး ထိခိုက်ပြီး ပြည်သူတွေ ဒုက္ခရောက်

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လျှပ်စီးမီး ပြတ်တောက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း သန်း ၃၀၀ လောက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး၊ လမ်းပန်း ဆက်သွယ်ရေးတွေလည်း ပျက်တောက်ကုန်ပါတယ်။

အခုလိုမီးပျက် တာကြောင့် နိုင်ငံမြောက်ပိုင်းဒေသ၊ အနောက်ဖက် ရာဂျက်စ်တန် ပြည်နယ်ကစလို့ အရှေ့ဘက် ဥတာပရာဒတ့်ရှ် ပြည်နယ်အထိ၊ နောက်တခါ မြောက်ဖက်စွန်းပိုင်း ဂျမူး နဲ့ ကက်ရှ်မီးယား ပြည်နယ် ဒေသ အတော်များများမှာ လျှပ်စစ်မီး ပြတ်တောက် ခဲ့ပါတယ်။

မြို့တော် ဒေလီမှာတော့ နေရာ အားလုံးနီးပါး လျှပ်စစ် မီးပြန်ရပြီ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

မီးပျက်တဲ့ အတွက် ပန်ကာတွေ လေအေး ပေးစက်တွေ အလုပ် မလုပ်တော့ တာကြောင့် ညဖက်မှာ အလွန်ပူပြီး လူတွေဟာ အိပ်မရ ဖြစ်နေကြပါတယ်။

မနက် အလုပ်သွားတဲ့ အခါ မှာ ခရီးဖင့် တာကြောင့် နာရီနဲ့ချီ နောက်ကျပြီးမှ အလုပ်ကို ရောက်ကြပါတယ်။ အခုလို ဖြစ်ရတာဟာ သတ်မှတ် ပေးထားတဲ့ အတိုင်းအတာ ထက်ကို ပြည်နယ်က လျှပ်စစ်မီး ပိုသုံးခဲ့လို့ ဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။