ဆီးရီးယားနိုင်ငံ အလက်ပိုမှာ တိုက်ပွဲတွေ ဆက်

  • 30 ဇူလိုင် 2012
Syria rebel ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို ရပ်ကွက်တခု ဝန်းကျင်ကို အစိုးရက သိမ်းထားပြီ ပြောပေမယ့် သူပုန်တွေက ငြင်းဆို

ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ အလက်ပို မြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို မော်တာတွေ အပြင် ရဟတ်ယာဉ်တွေပါ သုံးပြီး ဆက်လက် တိုက်ခိုက် နေပါတယ်။

ဆာလာဟတ်ဒင်ရပ်ကွက် အနီးအနားကို သိမ်းပိုက် ခဲ့ပြီး သူပုန်တွေကို ရှင်းထုတ်ခဲ့ပြီ လို့ အစိုးရက ပြောပါတယ်။

ဒါပေမယ်လို့ အစိုးရရဲ့ ပြောကြားချက်ကို သူပုန်တွေက ငြင်းဆိုထားပြီး၊ ဆာလာ ဟတ်ဒင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ သူပုန်တွေက ပြောပါတယ်။

အလက်ပိုမြို့ ပြင် ဘက်နားက အရေကြီးတဲ့ စစ်ဆေးရေး ဂိတ်တခုကို သူပုန်တွေက သူတို့ သိမ်းပိုက်လိုက်ပြီလို့ ပြောပါတယ်။

အဲဒီဂိတ်ဟာ အလက်ပိုမြို့ကနေ တူရကီ နယ်ခြားသွား လမ်းတခုကို ထိန်းချုပ်ထားတဲ့ ဂိတ်ဖြစ်ပါတယ်။

အလက်ပိုမြို့မှာ ပြီးခဲ့နှစ်အရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် ခန့်မှန်းခြေ လူပေါင်း ၂ သိန်းလောက် ထွက်ပြေး လာခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တချို့လူတွေကတော့ မြို့ထဲမှာ ပိတ်မိနေကြပြီး အစားအသောက် ပြတ်လပ်နေကာ အကူအညီတွေ အရေးတကြီး လိုအပ် နေတယ်လို့ ကုလသမဂ္ဂ လူသားခြင်းဆိုင်ရာ ကူညီပေးရေး လုပ်ငန်းအဖွဲ့ အကြီးအကဲ ဗလာရီ အားမို့စ်က ပြောပါတယ်။

အခြေအနေတွေဟာ စိုးရိမ်နေရရပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လုပ်ခွင့် ပေးဖို့ အတွက် အပစ်ရပ်ရေး ထပ်မံ တောင်းဆို ထားတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ