ဆီးရီးယား အလက်ပိုမှာ တိုက်ပွဲတွေ ပြင်းထန်

  • 31 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရဘက်ကနေ ရဟတ်ယာဉ်တွေနဲ့ လက်နက် ကြီးတွေ သုံးပြီး တိုက်ခိုက်နေပါတယ်

ဆီးရီးယားနိုင်ငံက အဓိကမြို့ဖြစ်တဲ့ အလက်ပိုမှာ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား တိုက်ခိုက်မှု တွေ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်တွေနဲ့ လက်နက် ကြီးတွေ သုံးပြီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာ တွေကို တိုက်ခိုက်နေပါတယ်။

အလက်ပိုမြို့ ဆာလာဟတ်ဒင် ရပ်ကွက်ထဲမှာ ရှိနေတဲ့ ဗြိတိန်နိုင်ငံ ထုတ် The Independent သတင်းစာရဲ့ သတင်းစာဆရာ ပြောတာကတော့၊ သူရှိနေတဲ့ ရပ်ကွက် နေရာဟာ တိုက်ခိုက်ရေး သမားတွေက လွဲလို့ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ပြောပါတယ်။

အစိုးရက ဒီရပ်ကွက်ကို သိမ်းပိုက် လိုက်ပြီဆိုတဲ့ ပြောဆိုချက်ဟာ လုံးဝ မှားယွင်းတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား နိုင်ငံပိုင် သတင်းမီဒီယကတော့ အလက်ပိုမြို့ထဲက နောက်ဆုံး ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့ ပုံ မရှိပါဘူး။

အစိုးရနဲ့ သူပုန် နှစ်ဖက်စလုံး ကတော့ အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲနေကြ တယ်လို့ ကြေညာ ပြောဆိုနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ