အလက်ပို ကျောင်းတွေမှာ လူထောင်ချီ ခိုလှုံ

  • 1 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုက စစ်ပြေး သားအမိ

ဆီးရီးယား မြောက်ပိုင်း အလက်ပိုမှာ အစိုးရနဲ့ သူပုန်တွေ ဆက် တိုက်နေလို့ လူ တသောင်း ရှစ်ထောင်လောက် ကျောင်းတွေ ဗလီ တွေမှာ ခိုလှုံ နေရတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

မြို့ထဲမှာ ဝိုင်းမိနေတဲ့ နေရာတွေမှာ အန္တရာယ် များလွန်းလို့ လူ ၇ ထောင် လောက် တက္ကသိုလ် အဆောင် တွေမှာ ဝင်နေ ကြရတယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည် အဖွဲ့က မယ်လစ်ဆာ ဖလဲမင်းက ဆိုပါတယ်။

ရက် သတ္တပတ်နဲ့ ချီ တိုက်ပွဲ ဆက်နိုင်တယ်လို့ နှစ်ဘက်လုံးက ယူဆ ပြီး စစ်ပြင် နေကြတဲ့ ပုံရှိ ပါတယ်။

အစိုးရ တပ်တွေ အများကြီး အလက်ပိုကို ချီတက်လာတယ်လို့ အတိုက်အခံ လှုပ်ရှားသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ