သီရိ လင်္ကာ ခရစ်ယာန်တွေ တိုက်ခိုက်ခံရ

  • 1 ဩဂုတ် 2012
Sri Lanka
Image caption ဘာသာရေး တိုက်ခိုက်မှု ခရစ်ယာန် တွေ ကန့်ကွက်

သီရိလင်္ကာ နိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကို အများက လက်ခံကြ ပေမယ့် မနှစ်က ဘာသာ မတူတဲ့ လူနည်းစု တွေကို တိုက်ခိုက် တာ ရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် လိုက်ပါတယ်။

အထူးသဖြင့် ဧဝံဂလိ ခရစ်ယာန် ဘာသာဝင်တွေကို လူများစု ဗုဒ္ဓ ဘာသာ ဝင်တွေက ခြိမ်းခြောက် တိုက်ခိုက် ခဲ့တယ်လို့ နိုင်ငံခြားရေး ဌာနထုတ် ၂ဝ၁၁ အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာက ဆိုပါတယ်။

တချို့ ဧဝံဂလိ ဂိုဏ်းဝင် တွေဟာ မသမာတဲ့ နည်းတွေ သုံးပြီး လူတွေကို သူတို့ ဘာသာထဲ သိမ်းသွင်းတယ်လို့ ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေက စွပ်စွဲ ကြပြီး ဒီစွပ်စွဲချက်ကို ခရစ်ယာန် တွေက လက်မခံပါဘူး။

မွတ်ဆလင် ဗလီ တွေကို တိုက်ခိုက်တာ တွေလဲ ရှိတယ်လို့ ဒီအစီရင် ခံစာက ဆိုပါတယ်။