အီဂျစ် အစိုးရသစ် ကျမ်းကျိန်

egypt ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရသစ်ကို ထောက်ခံဖို့ ဝန်ကြီးချုပ် ဆော်သြ

ကိုင်ရိုက သမ္မတ နန်းတော်မှာ အီဂျစ် အစိုးရသစ် ကျမ်းကျိန် ခဲ့ပါတယ်။

အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အစိုးရသစ် နောက်မှာ မားမား ရပ်ကြဖို့ ဝန်ကြီးချုပ်သစ် ဟာရှမ် ကန်ဒီးလ်က အီဂျစ် ပြည်သူ တွေကို ဆော်သြ ခဲ့ပါတယ်။

ဝန်ကြီး ၃၅ ယောက်ပါတဲ့ အစိုးရသစ်မှာ အရင် စစ်အစိုးရခေတ်က လူဟောင်းတွေ အတော် ပါပါတယ်။

လက်ရှိ အီဂျစ် စစ်ဦးစီးချုပ် ဟူစိန် တန်တာဝီ ကလဲ ကာကွယ်ရေး ဌာနကို ဆက်ကိုင်မှာ ဖြစ်ပါတယ်။

သမ္မတသစ် မစ္စတာ မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့က ဝန်ကြီး ၄ ယောက်ပဲ ပါလာတာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ