ဆီးရီးယားအစိုးရက လူ ၇၀ ကျော်ကို သတ်လို့အတိုက်အခံပြော

  • 2 ဩဂုတ် 2012
siria_ ဓာတ်ပုံ မူပိုင် NA
Image caption အလက်ပိုမြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ

ဆီးရီးယား နိုင်ငံမှာတော့ ဒမတ်စကတ်စ် မြို့တော် အတွင်းက အတိုက်အခံတွေက အစိုးရတပ်တွေနဲ့ အစိုးရရဲ့ စစ်သွေးကြွတွေက လူပေါင်း ၇၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ လိုက်ပါတယ်။

မြို့တော် ဒမတ်စကတ်စ် အတွင်းမှာရော အကြီးဆုံး မြို့ကြီး တမြို့ ဖြစ်တဲ့ အလက်ပိုမှာရော တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

အလက်ပိုမြို့မှာ သူပုန်တွေ ဘက်က အစိုးရရဲ့ လေတပ် စခန်းကို တိုက်ခိုက်မှုတွေ ပြုလုပ် နေတယ်လို့လည်း သတင်းတွေ ရရှိပါတယ်။

တချိန်ထဲမှာပဲ ဆီးရီးယား အမျိုးသား ကောင်စီက အလက်ပို မြို့မှာ အစိုးရရဲ့ စစ်သွေးကြွ သုံ့ပန်းတွေကို သတ်ဖြတ်ခဲ့တဲ့ သူပုန်ဘက်က သေနတ် သမားတွေကို ပစ်တင် ရှုံ့ချ လိုက်ပါတယ်။ အင်တာနက် ပေါ်မှာ တင်ထားတဲ့ ဒီသတ်ဖြတ်မှု တွေလုပ်ခဲ့တဲ့ ဗီဒီယို သတင်းနဲ့ ပတ်သက်လို့လည်း ဒါဟာ ရက်စက် ကြမ်းကြုပ်တဲ့ သတ်ဖြတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ကောင်စီ က အိုဘီဒါ နာဟတ်စ်က ဆီးရီးယား အမျိုးသား ကောင်စီက ဒီလို ရက်စက်မှုတွေ နဲ့ ပတ်သက်လို့ ရှုံ့ချတဲ့ အကြောင်း၊ ဒါမျိုးလုပ်ရပ် တွေနဲ့ ပတ်သက်ရင် အရင်ထဲက ဆန့်ကျင် ခဲ့တဲ့ အကြောင်းနဲ့ ဒီနေရာမှာ တခု သတိပြုရမှာက အရင်က နှိပ်စက်ခံခဲ့ရသူ တွေက သူတို့ကို သတ်ဖြတ် နှိပ်စက်ခဲ့သူ တွေကို ပြန်ပြီး လက်စား ခြေတိုက်ခိုက် နေကြတာ ကို တွေ့ခဲ့ကြရတာ ဖြစ်ကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ