အမေရိကန် အလုပ်အကိုင် ရမှုတိုးလာ

  • 3 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် အလုပ်အကိုင် အခွင့်အလမ်း ရှာပွဲ

အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်သစ် ရရှိမှု တိုးလာတဲ့ ကိန်းဂဏန်းတွေ ထွက်ပေါ်လာခဲ့ ပြီးတဲ့နောက် မနေ့က သောကြာနေ့ စျေးပိတ်ချိန်မှာ ကမ္ဘာ့ စျေးကွက်က အစုရှယ်ယာစျေးတွေ တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငါးလထက် စာရင် ဇူလိုင်လမှာ အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်သစ် ရရှိမှု တိုးလာတာ ဖြစ်ပါတယ်။

အခုလို အလုပ်အကိုင်သစ်တွေ ရလာကြပေမယ့် အားလုံးခြုံကြည့်ရင် အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့ လအတွင်းမှာ အနည်းအကျဉ်း တက်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် ငွေကြေး စျေးကွက်မှာ ဒေါင်းဂျုံး အစုရှယ်ယာ အညွှန်းကိန်းဟာ တစ် ဒဿမ ငါးရာခိုင်နှုန်း တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဥရောက အဓိက အစုရှယ်ယာတွေတည်း တက်သွားတယ်လို့ သိရပါတယ်။

သမ္မတ Obama အိုဘားမားကတော့ အလုပ်အကိုင် ရှာဖွေသူ အများအပြား ရှိနေဆဲ ဆိုတာကို ဝန်ခံခဲ့ပေမယ့် သူ့ပြိုင်ဖက် ရီပါဘလစ်ကန် သမ္မတလောင်း Mitt Romney ကတော့ ဒီ အလုပ်အကိုင်သစ် ဖန်တီးနိုင်မှု သတင်းတွေက လူလတ်တန်းစားတွေအတွက် ထိုးနှက်ချက် တရပ်ဘဲလို့ ပြောပါတယ်။