ငှက်ဖျား တိုက်ဖျက်ရေး အတွက် တွေ့ရှိချက် အသစ်

  • 4 ဩဂုတ် 2012
Image caption ၁၀ နှစ် အတွင်း ငှက်ဖျား ကာကွယ်ဆေး တမျိုး ထုတ်လုပ် နိုင်လိမ့်မယ်လို့ သုတေသီတွေ မျှော်လင့်

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အရေးပါတဲ့ ဖြစ်စဉ်တခုကို သြစတြေးလျ ဆေးပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ငှက်ဖျားရောဂါ ခံစားရပြီး ဒီအတိုင်း နေပြန် ကောင်းလာတဲ့ ကင်ညာ နိုင်ငံက လူတချို့မှာ သူတို့ရဲ့ ခုံခံအား စနစ်ဟာ ငှက်ဖျားပိုးကို ထပ်ခါ တလဲလဲ ခုခံ တိုက်ခိုက် နိုင်တဲ့ ပုံစံမျိုး ဖြစ်နေတာကို သြစတြေးလျ နိုင်ငံက မဲဘုန်းမြို့ ဘန်းနတ် တက္ကသိုလ်က ဆေးသုတေသီတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီသူတွေရဲ့ ခန္ဓာကိုယ် ခုခံအား စနစ်ကနေ ဒီငှက်ဖျား ပိုကို ဘယ်လို ပြန်တိုက်တယ် ဆိုတာကို ရှာဖွေ ဖေါ်ထုတ်မှာ ဖြစ်တယ်လို့ အဲဒီ သုတေသီအဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

ဒီအတွက် ၁၀ နှစ် အတွင်း ငှက်ဖျား ကာကွယ်ဆေး တမျိုး ထုတ်လုပ် နိုင်လိမ့် မယ်လို့ မျှော်လင့််နေပါတယ်။

ငှက်ဖျား ရောဂါကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်တွေ အပါအဝင် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၁ သန်းလောက် သေဆုံး နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ