အလက်ပိုမြို့ကို အစိုးရတပ်တွေ အပြင်းထန်ဆုံး တိုက်ခိုက်နေ

  • 5 ဩဂုတ် 2012
_allepo ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အလက်ပို

ဆီးရီးယား နိုင်ငံက အလက်ပိုမြို့မှာ ရှိတဲ့ သူပုန်တွေက သူတို့တွေကို အစိုးရ တပ်တွေဘက်က လက်နက်ကြီး တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေတဲ့ အကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက်က တိုက်ပွဲတွေ စတင်ခဲ့တဲ့ နောက်ပိုင်း ဒီတခါ ပစ်ခတ်မှုတွေက အပြင်းထန်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ပေါ်မှာ တိုက်လေယာဉ် တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပျံသန်း နေကြသလို မြို့တွင်းမှာလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တွေကို ကြားနေရတယ်လို့ သတင်းရရှိပါတယ်။

အလက်ပိုမြို့ သာမကဘဲ ဆီးရီးယား ရဲ့ မြို့တော် ဖြစ်တဲ့ ဒမတ်စကတ်စ် မြို့မှာလည်း ဆင်ခြေဖုန်း အရပ်တွေဘက်မှာ တိုက်ခိုက်မှု တွေဖြစ်နေပါတယ်။ တောင်ပိုင်းမှာ ရှိနေတဲ့ တဒ်ဟာမွန် မြို့နယ် ထဲကို အစိုးရ တပ်တွေက လက်နက်ကြီး တွေနဲ့ ပြင်းထန်စွာ ပစ်ခတ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ