ဆီးရီးယား တိုက်ပွဲတွေမှာ နိုင်ငံတကာ ဥပဒေကို လိုက်နာဖို့လို

  • 5 ဩဂုတ် 2012
allepo ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အလက်ပိုမြို့ တနေရာ

ဆီးရီးယား နိုင်ငံမှာ အရပ်သူ အရပ်သား တွေသေဆုံး နေရတာတွေကို ရပ်နိုင်နိုင်ဖို့ အတွက်ဆိုရင် အစိုးရနဲ့ သူပုန် နှစ်ဘက်စလုံးက နိုင်ငံတကာ တရားဥပဒေကို လေးစားလိုက်နာမှ ဖြစ်မယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက ပြောပါတယ်။

စစ်မက် ဆိုင်ရာ ဥပေဒ ထဲမှာ စစ်ဘက် ပစ်မှတ်တွေကိုသာ တိုက်ခိုက်နိုင်ပြီး အလက်ပိုမြို့လို လူနေတဲ့ အရပ်တွေကို တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင်လည်း အင်မတန် သတိကြီးစွာ ထားပြီး ဆောက်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ အလက်ပိုမြို့မှာ အစိုးရဘက်က အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေတဲ့ အတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ရုံတွေမှာ တပ်စွဲထားကြတဲ့ သူပုန်တွေ ဆုတ်ခွာ ပေးခဲ့ကြရတယ်လို့ အတိုက်အခံတွေ ဘက်က ပြောပါတယ်။

မြို့တော် ဒမတ်စကတ်စ်ရဲ့ တောင်ပိုင်း တဒ်ဟာမွန် မြို့နယ်မှာလည်း အစိုးရတပ် တွေက နေရာ တော်တော် များများကို ထိန်းချုပ် ထားနိုင်ပေမယ့် ဆက်လက်ပြီး လက်နက်ကြီး တွေနဲ့ အပြင်းအထန် ပစ်ခတ် နေတယ်လို့ သတင်းရရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ