ဆီးရီးယား မြို့ကြီးတွေမှာ တိုက်ပွဲတွေ ဆက်

  • 4 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်တဲ့အတွက် သူပုန်တွေ အသံလွှင့်ရုံနား မကပ်နိုင်

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့၊ ရုပ်မြင်သံကြား ဌာနနဲ့ ရေဒီယို အသံ လွှင့်ရုံ တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

အဲဒီအသံလွှင့် ဌာနတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ သူပုန်ကို အစိုးရ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အကြီးအကျယ် ထုနေတာကြောင့် သူပုန်တွေ ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။

သူပုန်တွေ ထိန်းထားတဲ့ ဆာလာဟတ်ဒင် ရပ်ကွက်နဲ့ ဆေ့ဖ် အဲလ် ဒါလာ ရပ်ကွက် မှာလည်း တိုက်ခိုက်မှုတွေ ပြင်းထန်နေပါတယ်။

မြို့တော် ဒမာ့စကပ်စ်မှာ အပြင်းအထန် ဗုံးကျဲနေတယ် လို့လည်း မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

သောကြာနေ့ ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ဆီးရီးယား အစိုးရရဲ့ လက်နက်ကြီးတွေ ပိုမို အသုံးပြုလာနေတဲ့ အပေါ် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နောက်ပြီး လုံခြုံရေး ကောင်စီ အနေနဲ့လည်း ဆီးရီးယားက သွေးထွက်သံယို ဖြစ်မှုတွေ ကို မတားဆီးခဲ့နိုင်ဘူး ဆိုပြီး ဝေဖန် ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ပထဝီ နိုင်ငံရေး အကျိုးအမြတ်ထုတ်ဖို့ အတွက် အနောက်နိုင်ငံတွေဟာ ဆီးရီးယားရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို နှောင့်နှေးအောင် အနှောင့် အယှက် ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ