BBC navigation

စစ်ကြောင့် သေဆုံးမှုရာနှုန်း အာဖဂ္ဂန်မှာ ကျဆင်း

နောက်ဆုံး ရေးသားချိန် 8 သြဂုတ်လ 2012 - 15:11 GMT

လမ်းဘေးထောင်ဗုံးတွေကြောင့် ပြည်သူအများအပြားသေဆုံးရပါတယ်

အာဖဂ္ဂနစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုနဲ့ ဒဏ်ရာရတဲ့ အရပ်သားပြည်သူ အရေအတွက်ဟာ ငါးနှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံး ဖော်ပြချက်မှာ ပါရှိပါတယ်။

၂၀၁၂ ရဲ့ ပထမ ၆လပတ် မှာ သေဆုံးသူ စုစုပေါင်း ၁၁၄၅ ဦးရှိသွားပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ၁၅% ကျဆင်းသွားတာ ဖြစ်ပါတယ်။

သေဆုံးမှုအများအပြားရဲ့ အဓိက အကြောင်းရင်းကတော့ စစ်သွေးကြွတွေရဲ့ လမ်းဘေးထောင်ဗုံးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် နေတိုးဦးဆောင်တဲ့ စစ်ဆင်ရေးတွေကြောင့် ၁၀% နီးပါး သေဆုံးရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။