ဂူကိုင်လိုင်း လူသတ်မှု ထင်ရှားတယ်လို့ တရားရုံးပြော

  • 9 ဩဂုတ် 2012
Gu Kailai ဓာတ်ပုံ မူပိုင် AFP
Image caption ဂူ ကိုင်လိုင်း သတ်တယ်ဆိုတာ ထင်ရှားတယ်လို့ တရားရုံးပြော

တရုတ် နိုင်ငံရေး လောကမှာ ကျော်ကြား သူတဦး ဖြစ်ခဲ့တဲ့ ဘိုရှီလိုင်း ရဲ့ ဇနီး ဂူကိုင်လိုင်း ရဲ့ အမှုကို ဟေးဖေ မြို့မှာ ရုံးတင် စစ်ဆေးရာမှာ တရက် ထဲနဲ့ ပြီးဆုံးသွား ပါတယ်။

ဂူကိုင်လိုင်းဟာ အရင် ဗြိတိသျှ စီးပွားရေး သမား နဲ့ လုပ်ငန်းဖက် နီးလ် ဟေးဝုဒ်ကို သတ်တယ်ဆိုတဲ့ အထောက်အထား တွေဟာ ရှင်းလင်းပြီး လုံလောက်တယ်လို့ အမှုအပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ တရားရုံး အရာရှိက ပြောကြားသွား ပါတယ်။

သူ့ကို မကြာခင် ရက်တွေအတွင်းမှာ စီရင်ချက် ချမယ် လို့လည်း ပြောပါတယ်။

ဒီကိစ္စကြောင့် သူ့ရဲ့ အမျိုးသား ဖြစ်သူဟာ တရုတ်ကွန်မြူနစ် ပါတီ အတွင်း နိုင်ငံရေး အလားအလာတွေ ပျက်စီးသွားခဲ့ ရပါတယ်။

ဟေးဖေ မြို့က ဘီဘီစီ သတင်းထောက် ကတော့ တရုတ် နိုင်ငံရေးနဲ့ တရားစီရင် ရေးတွေဟာ တခုနဲ့ တခု ရောထွေး ယှက်တင် မှုတွေ အမြဲရှိနေတဲ့ အတွက် ဂူကိုင်လိုင်း ကိစ္စမှာလည်း တရားစွဲပြီး ဆိုကတည်းက ပြစ်ဒဏ် ကျခံရဖို့က ရှိနေပြီးသားလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ