လူမျိုးရေး စော်ကားတဲ့ စာမျက်နှာ ဖယ်ပေးရ

  • 10 ဩဂုတ် 2012
Aboriginal ဓာတ်ပုံ မူပိုင် BBC World Service
Image caption အဘိုးရီးဂျင်း တွေကို ပုတ်ခတ်တဲ့ စာမျက်နှာကို ဖယ်ရှား

ဖေ့စ်ဘုတ် လူမှုကွန်ယက်က သြစတြေးလျ က အဘိုးရီးဂျင်း လူမျိုးတွေကို အရက်သမားတွေ၊ လူမှုဖူလုံရေး ကို လိမ်စား နေသူတွေလို့ ရေး ထားတဲ့ စာမျက်နှာကို ဖယ်ရှား ပေးလိုက် ရပါတယ်။

ဒီ စာမျက်နှာ ဖယ်ပစ်ဖို့ လက်မှတ်ထိုး တောင်းဆိုတာ ကလဲ ၂ ရက် အတွင်းမှာ လူ တသောင်း ခုနစ်ထောင် ကျော်ဆီက ရရှိ ခဲ့ပါတယ်။

ဖေ့စ်ဘုတ်ဟာ အမေရိကန်မှာ အခြေစိုက်ပြီး သြစတြေးလျ ရဲ့ လူမျိုး ခွဲခြားမှု ဆန့်ကျင်ရေး ဥပဒေ တွေကို လက်တလုံးခြား လုပ် ရှောင်နေတယ်လို့ သြစတြေးလျ အစိုးရက စွပ်စွဲ ပါတယ်။

အများ ပြည်သူ သဘောထားကို ဂရုစိုက် ပေမယ့် အသိပညာ ဖလှယ်မှု ကနေ ဆွေးနွေး ဝေဖန်မှုနဲ့ နားလည်မှု မြင့်မားရေးကို ဦးတည် စေတယ်လို့ ယူဆကြောင်း ဖေ့စ်ဘုတ်က ထုတ်ပြန် ခဲ့ပါတယ်။

သြစတြေးလျ ဆက်သွယ်ရေးနဲ့ သတင်း အာဏာပိုင် တွေက ဒီ စာမျက်နှာကို အင်္ဂါ နေ့က စုံစမ်းရေး စခဲ့ပါတယ်။

ဒီ စာမျက်နှာကို ပါ့သ် မြို့က ၁၆ နှစ်သား လူငယ်တဦး ဖန်တီးတာ ဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။