ဖိလစ်ပိုင်အစိုးရက ရေးဘေးအတွက် အကူအညီတောင်း

  • 9 ဩဂုတ် 2012
manila
Image caption ရေဖုံး နေတဲ့ မနီလာမြို့ တနေရာ

ဖိလစ်ပိုင် နိုင်ငံမှာတော့ ရေဖုံးလွှမ်း နေတဲ့ မနီလာ မြို့တော်နဲ့ အနီးတဝိုက် ဒေသတွေက လူတွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ တခြား အကူအညီ တွေပေးနိုင်ရေး အတွက် စေတနာ့ ဝန်ထမ်းတွေကို အကူအညီတွေ ပေးနိုင်ဖို့ အစိုးရက ဆင့်ခေါ်ထားပါတယ်။

ဒီရေဘေးနဲ့ ရင်ဆိုင် နေရတဲ့ လူပေါင်းဟာ ခန့်မှန်းချေ အရ ၂ သန်း လောက်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့ ညက မိုးတွေထပ်ပြီး ရွာခဲ့တဲ့ အတွက် နောက်ထပ် ဘေးလွတ်ဖို့ နေရာရွေ့ပြောင်းမှုတွေကို လုပ်ခဲ့ကြရပါတယ်။

တချို့ လူတွေမှာ သူတို့ရဲ့ နေအိမ်တွေကို ပြန်လည် ရောက်ရှိလို့ နာရီ အနည်းငယ်ပဲ ရှိသေးချိန်မှာ တခါပြန်ပြီး ပြေးရပြန်ပါတယ်။

ဒီလူတွေ အတွက် ကျောင်းတွေ၊ အားကစား စင်တာတွေနဲ့ ဘုရားကျောင်း တွေမှာ ယာယီ စခန်းတွေ ဖွင့်ပေး ထားရပါတယ်။

အဲဒီ ဒေသတွေမှာ သတင်း ၂ ပတ်လောက် ဆက်ပြီး မိုးသည်းထန် ခဲ့တဲ့ အတွက် ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၁၉ ဦး သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ