ဆီးရီးယားကိစ္စ တူရကီနဲ့ ဆောင်ရွက်နေလို့ ကလင်တန်ပြော

  • 11 ဩဂုတ် 2012
hillary_clinton_in_turkey ဓာတ်ပုံ မူပိုင် AP
Image caption တူရကီရောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

ဆီးရီးယား နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာ တွေနဲ့ ပတ်သက်ပြီး အတူ တုန့်ပြန် ဆောင်ရွက်ဖို့ တူရကီအစိုးရနဲ့ အနီးကပ် ကိုင်တွယ်ဆောင်ရွက် နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

တူရကီ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့အပြီးမှာ မစ္စစ် ကလင်တန်က နှစ်နိုင်ငံ ပူးပေါင်းပြီး ဆီးရီးယား အတိုက်အခံတွေကို ကူညီ ထောက်ပံ့ရေးနဲ့ အာဆတ်ဒ် အစိုးရ ပြုတ်ကျပြီး နောက်ပိုင်း ကာလအတွက် ပြင်ဆင် နေကြတယ်လို့ ဆိုပါတယ်။

မစ္စစ် ကလင်တန်က ပြောကြား ခဲ့ရာမှာ အရင်က သဘောတူ ထားခဲ့တဲ့ အရေးပေါ် အစီအစဉ် တွေနဲ့ ပတ်သက်လို့ ပြင်ဆင် နေကြတဲ့အကြောင်း၊ တခြား ကိစ္စတွေလည်း အများကြီး ဆွေးနွေးခဲ့ကြောင်း နဲ့ နံပါတ် ၁ ရည်မှန်းချက်ဖြစ်တဲ့ အာဆတ်ဒ် အစိုးရနဲ့ သွေးချောင်းစီး နေတာတွေ မြန်မြန် ပြီးဆုံးသွား ရေးတွေကို အလေးထားပြီး ဆွေးနွေး လုပ်ကိုင် နေကြောင်း တွေကို ပြောကြားသွားပါတယ်။

နောက်ဆက်ပြီး ပြောကြား ရာမှာတော့ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေက သူပုန်တွေကို ဓာတုလက်နက် တွေသုံးပြီး တိုက်ခိုက်လာတဲ့ အဆိုးဆုံး အခြေအနေမျိုးတွေ ဖြစ်ကောင်း ဖြစ်လာခဲ့ရင် ဆိုတဲ့ အထိတောင်မှ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ