လစ်ဗျား ဗိုလ်ချုပ်တယောက် လုပ်ကြံခံရ

  • 11 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျား မဲဆွယ်ရေး ပိုစတာ

လစ်ဗျားနိုင်ငံ အရှေ့ဖက်က ဘန်ဂါဇီမြို့မှာ စစ်တပ်က ထိပ်တန်း ဗိုလ်ချုပ် တယောက်ကို သေနတ်သမားတွေက ပစ်သတ် လိုက်တယ်လို့ သတင်းရရှိပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနမှာ လက်နက်တိုက် တာဝန်ယူရတဲ့ ဗိုလ်ချုပ် Muhammad Hadiyah al-Fayturi ဟာ ဗလီက အပြန် လူလေးယောက်ပါတဲ့ ကားတစင်းက သူကို ရပ်ခိုင်းလိုက်ပြီး ပစ်သတ်ခံ ခဲ့ရတာပါ။

ကိုယ်ရေး အချက်အလက်တွေ တောင်းကြည့်ပြီးမှာ ပစ်သတ်ခဲ့တာလို့လည်း သားဖြစ်သူက ပြန်ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက လစ်ဗျားမှာ ကဒါဖီ အုံကြွမှု အတွင်း ဗိုလ်ချုပ်ကြီး ဟာဒီရာ့ဟာ ပထမဆုံး အတိုက်အခံဖက် ဘတ်ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူအသတ်ခံရမှုနဲ့ ပတ်သက်လို့ တစုံတရာ မသိရသေးပါဘူးရှင်။