မစ်ရွန်မနီ ဒုတိယ သမ္မတရွေး

  • 11 ဩဂုတ် 2012
romney_ryan ဓာတ်ပုံ မူပိုင် AP
Image caption ရစ်ပတ်ပလစ်ကန် သမ္မတလောင်း နှစ်ဦး

အမေရိကန် ပြည်ထောင်စုက ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီက သူ့ရဲ့ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံဖို့ ဝစ္စကွန်ဆင် ပြည်နယ်က ပေါလ် ရိုင်ယန်ကို ရွေးချယ်လိုက် ပါတယ်။

မစ္စတာ ရိုင်ယန်ကို ရီပတ်ပလစ်ကန် ပါတီရဲ့ မူဝါဒ ချမှတ်ရေးမှာ အရေးပါတဲ့ လူတယောက် အဖြစ် ရှုမြင်ကြပါတယ်။

သူက အခွန်နဲ့ အသုံးစားရိတ် လျော့ချ မှုတွေနဲ့ ပတ်သက်လို့လည်း အဆို တင်သွင်းထား သလို သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ပြောင်းလဲမှု တွေကိုလည်း ပြောင်းပြန် လှန်ပစ်ချင် နေတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမား ရဲ့ မဲဆွယ်ရေး အဖွဲ့တွေ ဘက်ကတော့ မစ္စတာ ရိုင်ယန်ဟာ အပြစ် အနာအဆာ မကင်းတဲ့ စီးပွားရေး မူဝါဒတွေနဲ့ လူဖြစ်ပြီး အဲဒီမူတွေကြောင့် အရင်က ကြုံခဲ့ဖူးတဲ့ အမှားကြီး တွေကို ပြန်ကြုံ ရနိုင်တယ် လို့လည်း ဆိုပါတယ်။

မစ္စတာ ရိုင်ယန်ကတော့ သူနဲ့ မစ္စတာ ရွန်မနီက အမေရိကန် ပြည်ထောင်စုကို အရင်လို ပြန်ပြီး ကြီးကျယ် လာအောင် လုပ်နိုင်မယ်လို့ ဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ