အမေရိကန် ဆခ် ဘုရားကျောင်း သေနတ်ပစ်ခတ်မှု

  • 11 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ရှေ့နေချုပ် Eric Holder

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက အမေရိကန် ပြည်ထောင်စု ဝပ်စကိုဆင် ပြည်နယ် မီလ်ဝါကီ ဆစ်ခ် ဘုရားကျောင်းမှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားသူ ခြောက်ယောက်အတွက် စျာပန အခမ်းအနား ကျင်းပခဲ့ပြီး ပြည်ပကသူ တချို့ အပါအဝင် လူတွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

အထက်တန်းကျောင်း တခုမှာ ကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားမှာ အမေရိကန် ရှေ့နေ့ချုပ် အဲရစ်ခ် ဟိုးလ်ဒါ လည်း တက်ရောက်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ ဆစ်ခ်တွေ တန်ဖိုးထားတဲ့ အရာတခုတည်းကို တိုက်ခိုက်တာမဟုတ်ဘူး အမေရိကန်တွေ တန်ဖိုးထားတဲ့ အရာကိုလည်း တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်သားဟောင်း တယောက်ဖြစ်တဲ့ သေနတ်သမား ဝေ့ဒ် မိုက်ကယ် ပေ့ဂျ်ဟာ ရဲက ပစ်လိုက်လို့ ဒဏ်ရာရသွားခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်သတ်ကာ သေဆုံးသွားခဲ့ပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ အရ မစ္စတာ ပေ့ဂျ်ဟာ လူဖြူ လူမျိုးကြီး ဝါဒီအဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ရဲတယောက် အပါအဝင် အသက်မသေဘဲ ကျန်ရစ်သူ သုံးယောက်ကတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီလို့ သိရပါတယ်။