BBC navigation

ကမ္ဘာ့ ငတ်မွတ်မှု ဆိုင်ရာ ညီလာခံ ကျင်းပ

နောက်ဆုံး ရေးသားချိန် 12 သြဂုတ်လ 2012 - 23:22 GMT
cameron_olympics

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ မိုဖာရာ

လန်ဒန် အိုလံပစ် ပြိုင်ပွဲရဲ့ အမွှေအနှစ် အဖြစ် ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု နဲ့ ပတ်သက်တဲ့ ညီလာခံကို ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ကျင်းပခဲ့ ပါတယ်။

အဲဒီ ညီလာခံကို ဗြိတိန် အသင်းက ရွှေတံဆိပ် ရ အပြေးသမား မိုဖာရာ အပါအဝင် အောင်မြင် ကျော်ကြားတဲ့ အားကစား သမားတွေ တက်ရောက် ခဲ့ကြ သလို နိုင်ငံရေး ပိုင်းက ခေါင်းဆောင်တွေနဲ့ လူမှုအကူအညီပေး အဖွဲ့တွေနဲ့ စီးပွားရေး လုပ်ငန်း တွေက ကိုယ်စားလှယ် တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

အဲဒီပွဲကို တက်ရောက်လာခဲ့တဲ့ ဆိုမာလီယာမှာ မွေးဖွား ခဲ့တဲ့ မိုဖာရာက ကမ္ဘာပေါ်က ကြွယ်ဝတဲ့ နိုင်ငံတွေမှာ မွေးဖွားလာကြ သူတွေ အနေနဲ့ လိုအပ်ချက်တွေ ရှိနေတဲ့ တခြား လူတွေအပေါ် ကြည့်ရှု စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်မရွန်း က ကလေးသူငယ် သန်းပေါင်း များစွာရဲ့ ဘဝ တွေကို ပြောင်းလဲ ပေးနိုင်ဖို့ အရေးတယူ ဆောင်ရွက် ပေးကြဖို့ တကမ္ဘာလုံးကို တိုက်တွန်းခဲ့ပါတယ်။

ဒီညီလာခံကတော့ ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် ဘရာဇီးလ် အိုလံပစ် မတိုင်ခင်မှာ ၅ နှစ်အောက် ကလေးသူငယ် ၂၅ သန်းကို ကြီးထွား ဖွံ့ဖြိုးမှု ရပ်တန့်တဲ့ ဝေဒနာ မခံစား ရရေး အတွက် ရန်ပုံငွေတွေ မတည်ဖို့ အတွက်ကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။