ဆီးရီးယား တိုက်လေယာဉ်ကို သူပုန်တွေ ပစ်ချ

  • 13 ဩဂုတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption Mig23 အမျိုးအစား တိုက်လေယာဉ် ဖြစ်တယ် လို့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင် သူတွေက ပြောပါတယ်

ဆီးရီးယားအစိုးရ တိုက်လေယာဉ် တစင်းကို အီရတ်နယ်စပ် အနီးမှာ ပစ်ချလိုက်တယ်လို့ ဆီးရီးယား သူပုန် တိုက်ခိုက်ရေး သမားတွေက ပြောပါတယ်။

ဗီဒီယိုရိုက်ကူးပြီး၊ အွန်လိုင်းမှာ တင်ထားရာမှာ လေယာဉ်ပစ် သေနတ်သံတွေ ကြားမှာ ဂျက်လေယာဉ် တစင်း မီးလောင် ပေါက်ကွဲပြီး ပျက်ကျ သွားတာကို တွေ့ရပါတယ်။

အဲဒီ တိုက်လေယာဉ် ပိုင့်လော့ကိုတော့ ဖမ်းဆီးမိထားတယ်လို့ သူပုန်တွေက ပြောပါတယ်။ ဒါပေမယ့်လို ဖမ်းဆီးမိထားတဲ့ အထောက်အထား ကိုတော့ အခု အချိန်အထိ ဖေါ်ပြခြင်း မရှိသေးပါဘူး။

အစိုးရ ပိုင် ရုပ်သံ ကတော့ လေယာဉ်တစင်း ပျက်ကျသွားတယ် ဆိုတာကို အတည်ပြု ကြေညာသွားပြီး၊ ဒါဟာ စက်ချို့ယွင်းလို့ ဖြစ်တာလို့ ပြောပါတယ်။ လေယာဉ်ပိုင့်လော့ ကိုလည်း ရှာဖွေ နေတယ်လို့ ကြေညာသွား ပါတယ်။

အဲဒီ ဗီဒီယို မှတ်တမ်းထဲက လေယာဉ်ဟာ Mig23 အမျိုးအစား တိုက်လေယာဉ် ဖြစ်ပြီး၊ ဆီးရီးယား လေတပ် တံဆိပ်တပ်ထားတာကိုလည်း တွေ့ရ တယ်လို့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင် သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ