BBC navigation

အီရန် အစ္စရေး အရေး အမေရိကန်ရှင်းလင်း

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 01:18 GMT
panetta

အီရန် အရေး ဝါရှင်တန် ရှင်းလင်း

အီရန် အဏုမြူ စီမံကိန်း တွေကို အစ္စရေး က တိုက်ခိုက်တာ မဖြစ်နိုင်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပနက်တာက ဆိုပါတယ်။

အစ္စရေးဟာ လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံကို ဝင်တိုက်ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အီရန်ကို နိုင်ငံတကာ ပိတ်ဆို့မှု တွေချတာ အကျိုး သက်ရောက်မှု ရှိပြီး စေ့စပ် ဆွေးနွေးပွဲ တွေ လုပ်လို့ ရသေးတယ်လို့ သူက ဆိုပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲ မှာပဲ ပူးတွဲ အမေရိကန် စစ်ဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မာတင် ဒမ်ဆီက အစ္စရေးက အီရန်ကို တိုက်တာဟာ အီရန် အဏုမြူ စီမံကိန်း ပျက်ပြား အောင် မဟုတ်ဘဲ နှောင့်နှေး ရုံတင် လုပ်တာ နေမယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံထဲမှာ သမ္မတ ဘရှား အာဆတ် အစိုးရ အတွက် တိုက်ခိုက် ပေးမယ့် စစ်သွေးကြွ အုပ်စု ဖွဲ့နေတယ် လို့လဲ ဗိုလ်ချုပ်ကြီး မာတင် ဒမ်ဆီက အီရန်ကို စွပ်စွဲ လိုက်ပါတယ်။

နိုင်ငံ တဝှမ်း သူပုန် တွေနဲ့ တိုက်နေရတဲ့ ဆီးရီးယား အစိုးရ တပ်တွေ အပေါ် ဖိအား လျော့ သွားအောင် စစ်သွေးကြွ တွေကို အသုံးချ နေတယ်လို့ ယူဆကြောင်း ဗိုလ်ချုပ် ဒမ်ဆီက ဝါရှင်တန်မှာ သတင်းထောက် များကို ပြောကြား ခဲ့ပါတယ်။

ဆော်ဒီ အာရေဗျ က မွတ်ဆလင် ခေါင်းဆောင် များ အရေးပေါ် အစည်းအဝေး မှာလဲ ဆီးရီးယား ကို အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ထုတ်ထားဖို့ စဉ်းစား နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။