BBC navigation

ဆီးရီးယားဝန်ကြီးချုပ်ဟောင်းက သမ္မတအာဆတ်ကို ရှုတ်ချ

နောက်ဆုံး ရေးသားချိန် 14 သြဂုတ်လ 2012 - 17:35 GMT

ဆီးရီးယား အစိုးရဟာ စိတ်ဓာတ်ရေးရာ အရ ပြိုကျနေပြီလို့ ပြောကြား

ဆီးရီးယား အစိုးရကို အာခံပြီး သူပုန်တွေနဲ့ ပူပေါင်းသွားတဲ့ ဆီးရီးယား ဝန်ကြီးချုပ် ရိရတ်ဒ်ဟစ်ဂျပ်ဟာ ပထမဆုံး အကြိမ်အဖြစ် ဂျော်ဒန်ရုပ်မြင်သံကြား တခုမှာ ထွက်ပေါ် လာပြီး သမ္မတ အာဆတ်ကို ပြစ်တင် ရှုတ်ချ ပြောကြား သွားပါတယ်။

ဂျော်ဒန် မြို့တော် အမန်းကနေ ရုပ်သံတခုရဲ့ တိုက်ရိုက် ထုတ်လွှင့်ချက်မှာ မစ္စတာ ဟစ်ဂျပ်က ဆီးရီးယား အစိုးရဟာ စိတ်ဓာတ်ရေးရာ အရ ပြိုကျနေပြီ ဖြစ်ပြီး၊ စီးပွားရေး နဲ့ စက်မက် ရေးရာမှာလည်း အလားတူ ပြိုဆင်း နေပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ် ထားနိုင်တော့ တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဆီးရီးယား တပ်မတော်သားတွေ အနေနဲ့လည်း အီဂျစ်နဲ့ တူရကီမှာလို ပြည်သူ့ဖက်က ရပ်တည်ဖို့ကို သူက ပန်ကြားသွားပါတယ်။

နောက်ပြီး သူ့အနေနဲ့ ဦးဆောင် ဦးရွက်မှုတွေ မလုပ်ချင်ဘဲ သူပုန်တွေရဲ့ အရေးမှာ စစ်သား တဦး အနေနဲ့ သာ တာဝန် ထမ်းဆောင် လိုတယ်လို့ ပြောကြားသွားပါတယ်။

မစ္စတာ ဟစ်ဂျပ်ဟာ ဆီးရီးယားအစိုးရကနေ ဘက်ပြောင်းလာတဲ့ အဆင့်မြင့်ဆုံး အရာရှိတဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။