အီဂျစ်ခေါင်းဆောင်တွေ လက်တွဲကြဖို့ အမေရိကန် တိုက်တွန်း

  • 14 ဩဂုတ် 2012
egypt_mursi_generals ဓာတ်ပုံ မူပိုင် Reuters
Image caption အီဂျစ်သမ္မတနဲ့ စစ်တပ်ခေါင်းဆောင်များ

အမေရိကန် အစိုးရက အီဂျစ် အရပ်သားနဲ့ စစ်ဘက်က ခေါင်းဆောင် တွေကို လက်တွဲ လုပ်ကိုင် ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက ဟော့စနီ မူဘာရက် ပြုတ်ကျခဲ့ပြီးမှာ နိုင်ငံရေး အသွင် ကူးပြောင်း မှုတွေကို ကြီးကြပ် ပေးခဲ့တဲ့ ထိတ်တန်း ဗိုလ်ချုပ်ကြီး တွေဖြစ်ကြတဲ့ ဖီးလ်ဒ် မာရှယ်လ် မိုဟာမက် တန်တာဝီ နဲ့ နောက်တယောက် တို့ကို တာဝန်ကနေ အနားပေးလိုက်ပြီး နောက်တရက်မှာ အမေရိကန် ဘက်က အခုလို ဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဆီးနိတ် လွှတ်တော်ရဲ့ ပြောခွင့်ရ အမျိုးသမီးက အီဂျစ်နိုင်ငံမှာ ကာကွယ်ရေး ဌာနကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ဆွေးနွေးစီစဉ် နေကြတာကို သတိထား မိကြောင်း၊ ဒါပေမယ့် ဘယ်တော့ လောက်မှာ စအကောင် အထည် ပေါ်လာမလဲ ဆိုတာကိုတော့ အချိန်အတိအကျနဲ့ မသိတဲ့ အကြောင်း တွေကို ပြောကြား သွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ