BBC navigation

ဂျူလီယံ အာဆန့်ဂျ် ကို ဗြိတိန် ခြိမ်းခြောက်

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 02:08 GMT
assange ecuador

အာဆန်း ခိုလှုံရာ လန်ဒန် အီကွေဒေါ သံရုံး

လန်ဒန် အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိ ထူထောင်သူ ဂျူလီယံ အာဆန်းကို ဝင်ဖမ်းခွင့် ရှိတယ်လို့ ဗြိတိန် အစိုးရက ဆိုပါတယ်။

အာဆန်းဟာ ဇွန်လ ထဲက သံရုံးထဲ ခိုလှုံ နေတာပါ။

လက်ရှိ ဥပဒေ အရ ဗြိတိန်က သံရုံး တရုံးရဲ့ အဆင့်အတန်းကို ရုပ်သိမ်း နိုင်တယ်လို့ သိရပါတယ်။

ဒီအဆင့်ထိ မရောက်တန်ရာ လို့လဲ သတိပေး ခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာပဲ လို့ အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးက တုံ့ပြန် ပါတယ်။

အာဆန်းကို ခိုလှုံခွင့် ပေးဖို့ အီကွေဒေါက ဆုံးဖြတ်ပြီးသားမို့ ကြာသပတေး နေ့မှာ ကြေညာမယ်လို့ ဝန်ကြီးက သတင်းထောက် များကို ပြောကြား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။