BBC navigation

ဒမာ့စကပ်စ်မြို့မှာ ဗုံးခွဲခံရ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 17:12 GMT

ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ တည်းရာ ဟိုတယ်နားမှာ ဗုံးကွဲမှု ဖြစ်ခဲ့

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ် မြို့လယ်က ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ တည်းနေတဲ့ ဟိုတယ်တခုနားမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ရာမှာ အနည်းဆုံး လူ၅ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒဏ်ရာ ရသူတွေထဲမှာ ကုလသမဂ္ဂ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင်တွေတော့ မပါဘူးလို့ သိရပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှုဟာ အစိုးရ အဆင့်မြင့် စစ်အရာရှိတွေရဲ့ အစည်းအဝေးတခုကို ပစ်မှတ်ထားခဲ့တာလို့ အတိုက်အခံ FSA ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့က ပြောပါတယ်။

ဒီလုပ်ရပ်ဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ဆီးရီးယား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဆီးရီးယား ဝန်ကြီးချုပ်ရုံးနဲ့ အီရန်သံရုံးနားမှာ လက်နက်ကိုင် သူပုန်တွေနဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေအကြား ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေရဲ့ အဆိုအရ သိရပေမယ့် ဒီသတင်းကိုတော့ အတည်မပြု နိုင်သေးပါဘူး။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ အလက်ပို မြို့ က ဆေးရုံတခုကို ဆီးရီးယား အစိုးရ တိုက်လေယာဉ်တစင်းက မစ်ဆိုင်းဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။