BBC navigation

အာဆန်း ထွက်လမ်း ခက်နေဆဲ

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 03:08 GMT
assange

လန်ဒန်က အာဆန်း ထွက်လမ်း မလွယ်သေး

ဝီကီလိ ပိုင်ရှင် ဂျူလီယံ အက်ဆန့်ကို ခိုလှုံခွင့် ပေးလို့ အီကွေဒေါကို ဗြိတိန်နဲ့ ဆွီဒင်က မကျေလည် ကြပါဘူး။

အက်ဆန့်ကို အီကွေဒေါ သွားခွင့် ပေးဖို့ ဘာဥပဒေ ကြောင်းမှ ပြလို့ မရဘူးလို့ ဗြိတိသျှ နိုင်ငံခြား ရေး ဝန်ကြီးက ဆိုပါတယ်။

လိင်ကိစ္စ စွပ်စွဲမှုနဲ့ ဆွီဒင်ကို လွှဲပြောင်း ပေးမှာ စိုးလို့ မစ္စတာ အက်ဆန့် အီကွေဒေါ သံရုံးမှာ အရင် ၂ လ က ခိုလှုံခွင့် တောင်းခဲ့ပါတယ်။

ဒီလို ခိုလှုံခွင့် ရသွားတာကို လက်မခံနိုင်ကြောင်း ဆွီဒင်က ဆိုပါတယ်။

အမေရိကန် အစိုးရ ကြေးနန်းစာ တွေ ပေါက်ကြားမှုနဲ့ သူ့ကို အမေရိကပို့ပြီး တရားစွဲမယ့် အန္တရာယ် ရှိတယ်လို့ အီကွေဒါ အစိုးရက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။